မောင် တစ်ကယ်ဝေးခဲ့ ရပြီဆိုတော့လည်း ရင်မှာနာကျင်ခဲ့ ရပါတယ်မောင် မောင်သည်ကျွန်မအတွက် ကျေးဇူးရှင် တစ်ဦး လည်းဖြစ် ကျွန်မ၏အချစ်ဦးလည်းဖြစ်ခဲ့ လေသည်။ခုတော့
ဝေးခဲ့ကြပြီမောင် ဝေးခဲ့ကြတဲ့
အတွက်တမ်းတခြင်း လွမ်းဆွတ်ခြင်း တွေနဲ့ မောင်နဲ့ အတူနေခဲ့တဲ့ ချယ်ရီပွင့်ရာ ဒီမြေမှာ ကျွန်မတစ်
ယောက်တည်း ရှင်သန် ခဲ့ ပြီမောင်။ မောင့် ကို တမ်းတခြင်းတွေနဲ့ အတူ ချစ်သော အမိမြေကို တမ်းတယင်း
အလွမ်း သီချင်းတွေသီဆိုနေတဲ့ ကျွန်မအဖို့ မောင်သာအိပ်မက်ထဲမှာစိုးမိုးသူ သာဖြစ်ချေရော့သည် ၊တိုကျို
ကိုမောင်ခေါ်လို့ ရောက်ခဲ့ သလို မောင်သည် ကျွန်မအား သည်မြေမှာတစ်ယောက်တည်းထားခဲ့ လေသည်
အတူပျော်ဖူးခဲ့ သော သည်မြေမှာပင်ဘ၀ကို ရပ်တည်ရန်ဆုံးဖြတ်ခဲ့ ခြင်း သည်လည်း ကျွန်မပိုင်ဆိုင်ခွင့်
မရသည့် မောင့်ဘ၀ တစ်စိတ်တစ်ပိုင်း၏ အရိပ်နိမိတ်ပုံ တချို့ ကို ကျွန်မ ခံစားမိသောကြောင့်ပင် ကျွန်မ
မောင့်ကိုမည်မျှချစ်ခဲ့ သည်မှာမောင်အသိပင် ၊
သို့သော် မောင်သည်ကျွန်မကိုချစ်လျှက်နှင့်ပစ်ခဲ့သည်မောင့်အားနား လည်စွာခွင့်လွှတ်လျှက် ချစ်လျှက်ချစ်မြဲသာ ကျွန်မ၏ရင်ကို ကျွန်မ ပိုင်စိုးနိုင်စွမ်း မရှိအောင်လုပ်ခဲ့သောမောင်ပင် ........
မောင် ကျွန်မကိုချစ်လား ဟု မေးမိသောကျွန်မ တွင်အပြစ်ရှိလေသည်လား ထိုအပြစ်သည် မည်သည့်အတွက်
ဖြစ်သည်ကို ကျွန်မ နားမလည်နိုင်ခဲ့ပါ မိန်းကလေးကစတင်ချစ် ခဲ့ သည်မှာအပြစ်ဖြစ်လေသည်လားကျွန်မ
မတွေးတတ်ခဲ့ ပါချေ။မည်သို့ ဆိုစေမောင်သည်ကျွန်မကို ချစ်ခဲ့ လိမ့်မည်ဟု တထစ်ချ ကျွန်မယုံကြည်နေခဲ့
မိလေသည် မို့ မောင့်အရိပ်ရှိရာ သည်မြေမှ ကျွန်မဖယ်ခွာမသွားနိုင်ခဲ့ပါချေ.........မောင့်ကိုလက်လွှတ်ရ
ချင်းတူလျှင် သည်မြေမှာတည်ခဲ့ သောမောင့်ဘ၀၏ အစိတ်ပိုင်းတစ်ချို့ကိုအမှတ်တရ အဖြစ်ကျွန်မပိုင်ဆိုင်
နေဦးမည်မှာအသေချာပင် ထို့ကြောင့် မိဘများနှင့် ဝေးနေမှန်သိလျှက် နှင့် မောင်နှင့်အတူရှင်သန်ခဲ့သော
နေ့ရက်များရှိရာ သည်မြေကို မစွန့်နိုင်ခဲ့ မောင်သာတစ်ဖန်ပြန်ရောက်လာခဲ့ပါလျှင် မည်သို့ပြောမည်မသိ
မောင့်ကိုတွေ့ချင်စိတ်က ရင်မှာအတိုင်း ဆမရှိခဲ့ သို့သော် မောင်အရိပ်တို့ခိုနားရာ သည် အခန်းလေးတွင်း
မှာပင် ကျွန်မ အထီးကျန်ဆန်စွာနေတတ်အောင် နေဖြစ်ခဲ့ ပါသည် .................။