ဒီနေ့စက်တင်ဘာလရဲ့ နောက်ဆုံးနေ့ ပါမောင် မောင်ဟာစက်တင်ဘာborn ဆိုတော့ HAPPY BIRTHDAY
ပါမောင်။မောင့်ကိုတအားလွမ်းတယ် တွေ့ချင်လွန်းလို့ဖုံးဆက်တော့ မောင်ရှိမနေခဲ့ပါမောင်။အကျွမ်းတ၀င်
ရင်းနှီးလှတဲ့ မောင့်ရဲ့အသံသွင်းတိတ်ခွေ မောင့်ရဲ့ဟန်အမူရာတွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုခွေ
နားထောင်လို့မ၀ ကြည့်လို့မ၀ခဲ့ပါမောင် ခုတော့စီဒီတွေအဖြစ်ပြောင်းထားပြီမောင်။ မောင်ရေ မှတ်မှတ်ရရ
KOSATSU သွားတုန်းကမောင်ဝယ်ပေးထားတဲ့ ကီးချိန်းလေး ဟိုတနေ့က သေတ္တာထဲက ပြန်တွေ့တော့ ၀မ်း
သာလိုက်ရတာမောင်အဲလိုနဲ့ အရမ်းသတိရသွားပြီးမောင့်ဆီဖုံးဆက်ဖြစ်တာပါမောင်..............
မောင်ကနည်းပညာကို အရမ်းလိုက်စားတဲ့သူတစ်ယောက်ဖြစ်နေတော့ ဒီလိုအိုင်တီနယ်ပယ်ထဲကိုဝင်မလာဘူး
လား....တချိန်က 128KB လောက်ရှိတဲ့ ပီဒီအေတစ်လုံးကိုမောင်အသည်းအသန်ဝယ်ခဲ့တာမှတ်မိနေ
သေးတယ် နောက်တော့ မောင့်ဝါသနာကိုသိတာနဲ့ HDDပါတဲ့ TOUCH SCREEN ပါတဲ့ပီဒီအေတစ်လုံး
မောင့်ကိုလက်ဆောင်ပေးခဲ့သေတာအမှတ်ရနေတုန်းပါ.....နည်းပညာခေတ်ထဲမှာမောင်နဲ့မိုင်သုံးထောင်
ကျော် ဝေးနေခဲ့ပေမယ့်လည်း ခုချိန်ထိ မဆုံဖြစ်တာဘာကြောင့်လည်းနော် အလွမ်းတွေကနေရာအနှံ့ပါ
မောင် ပန်းကြွေတောမှာအလွမ်းဝေနေခဲ့ပေမယ့် အပိုပါမောင်.....အလွမ်းရေလျဉ်ကြောမှာမျောပါလိမ့်
ဦးမယ်.......အနမ်းတွေတမ်းတနေသေးတာကိုယ့်ရင်ကကိုယ်သိပါတယ်.....မောင်ဆိုတဲ့ရင်ကအချစ်ရဆုံး
ဘယ်ဆီရောက်နေခဲ့လည်းမသိခဲ့....မောင့်ကိုတမ်းတယင်နဲ့ YAWAN MUSHI (အားနည်းတဲ့ပိုးကောင်)
လေးဖြစ်နေခဲ့ရပေါ့ သီချင်းစာသားထဲကနည်းနည်းပုံတူကူးပစ်လိုက်တာပါ။မောင်တမ်းတလွမ်းရလို့
အသည်းကွဲကြေပြုန်းပြီးအမြဲသေဆုံးသွားချင်တော့တာပါမောင်...........အမှတ်တရပင်လယ်ဝေပြီးအမြတ်
မရတဲ့ အလွမ်းတွေနေရာတကာစိုးမိုးနေခဲ့ တာပါမောင်ရယ် တမ်းတတယ် လွမ်းတယ်.................

No comments:
Post a Comment