ချစ်ရပါသောမောင်
အလွမ်းရင့် တော့ပန်းပွင့်လိုကြွေခဲ့ချင်ပါပြီ နွမ်းရင့်လို့ ဖြေသိမ့်မနေသာခဲ့ပါ ပြီ.....အလွမ်းဝေ ပန်းကြွေ
တောမှာ နွမ်းခွေလျော့စေ တော့လို့ကျိန်စာများတိုက်ထားခဲ့ လေသလားလို့ တောင်မှထင်ယောင်မှားခဲ့
မောင် တစ်ကယ်တော့ ခဏဝေးတယ်ဆိုတာလည်း တစ်ဘ၀စာပါပဲလေ....ကြံဖန်တွေးလို့မောင့် ကိုကျေး
ဇူး တင်ရပေမယ့် တခါတရံတော့ လည်းတစိမ်း ဆန်လွန်းတဲ့မောင့််ကို အပြစ်ယူပြီးမုန်းပစ်ရမယ်လို့ထင်ခဲ့
မိပြန်တယ် ဒါပေမယ့် ချစ်တဲ့အဖြစ်ကနေ ရုန်းမထွက်နိုင်တဲ့ အဖြစ်မှာ အလွမ်းတွေကိုသာတနင့် တစ်ပိုးထမ်း
ပိုးယင်း ကျွမ်းလောင် ခဲ့ ရ တဲ့ ကျွန်မရဲ့ အသည်းနှလုံး ခုတော့လည်း အေးချမ်းမှုကိုရနေခဲ့ပါပြီ (တခါတရံ မောင့်ကိုတစ်အားလွမ်းရုံမှတစ်ပါး ပေါ့လေ)တမ်းတခြင်း တွေရင်မှာဝေနေတဲ့အခိုက်အတံ့လေး မှာဆိုယင်
တော့ ပန်းပွင့်လိုကြွေချင်နေတာပေါ့နော်......ဝေးမြေတစ်ရပ်ခြားမှာ အမိဖနဲ့ ဝေးနေရတယ် တပါးနိုင်ငံသား
တွေအလယ်မှာ မျက်နှာငယ်စွာ တခါတခါတော့လည်းတွေဝေခြင်းတွေနဲ့ ဖြေဆည်လို့မရတဲ့အခါမောင့်ကို
စိတ်ဆိုးချင် ပေမယ့် မဆိုးရက်ခဲ့ ပါမောင်....ရင်မှာလည်းအလွမ်းရင့်တော့ ပန်းပွင့်လိုကြွေခဲ့ ရတဲ့အသည်း
နှလုံး မောင့်အစား စတေးပစ်ချင်တော့တယ် ချစ်ရပါသောမောင် .......

No comments:
Post a Comment