မောင်............ လွမ်းဆွတ်တမ်းတသတိရခြင်းတွေရင်နှင့်အမျှပါမောင် တခါကအတူတူပျော်ရွှင်ခဲ့ဘူးတဲ့ ပင်လယ်ကမ်းခြေကို အရောက်သွားခဲ့ တာပေါ့မောင် လူတွေအများကြီးနဲ့ပျော်စရာကောင်း တဲ့ အရပ်ဆိုပေမယ့် ကျွန်မအတွက် အလွမ်းမြေ ဆိုယင်လည်း ဟုတ်ပါတယ်မောင် ချစ်ခင်မြတ်နိုး ကွေကွင်း
ခွဲခွာဆိုတဲ့ စကားလုံးတွေက ကျွန်မရင်ကိုတဖြည်း ဖြည်း နှဲ့ တိုက်စားနေတာပါမောင် မောင့်ကိုချစ်ခြင်းတွေ
အလွမ်းတွေ နွေဆယ်စင်း ရင်တွင်းမှာ လှောင်ပိတ်ခဲ့ အလွမ်းနေ့စွဲတွေအတွက် ပြန်လိုချင်လို့မရတော့
တဲ့မောင်နဲ့ကျွန်မဘ၀လေး အတွေးပင်လယ်မှာမျောပါယင်း ရင်တွေတမြည့်မြည့် ကျွမ်းခဲ့ အတွေးထဲမှာအ
မြဲရှိ နေတဲ့မောင့်အတွက် တွယ်တာနှောင်ရစ်တဲ့ မမြင်ရတဲ့ သံယောဇဉ်ကြိုးတွေနဲ့ ကျွန်မနှလုံးသားကို
ရစ်ပတ်ကာ ချည်နှောင် ထားတဲ့ ကြိုးတစ်စပါ၊ အလွမ်းဆိုတာ တမ်းတခြင်းနွမ်းလျခြင်းတွေနဲ့ မခံရပ်နိုင်အောင်
ဝေဒနာတွေပေးတဲ့အရာပါလားဆိုတာတွေ တွေးယင်းမော.....မျောနေတဲ့ ကျွန်မဘ၀ တပါးမြေတရပ်ခြားမှာ
ခွဲ ခွာခြင်း မဆုံနိုင်တော့ခြင်း အလွမ်းနွံကြား မမေ့လျော့ နိုင်ခြင်းတွေအကြားမှာ မြတ်နိုး တွယ်တာခဲ့သမျှ
တမြည့်မြည့် လောင်ကျွမ်းသွားယင်း အမှတ်တရစာမျက်နှာများစွာကိုရေးဖွဲ့နေခဲ့မိ.....................
No comments:
Post a Comment