မြတ်နိုးတွယ်တာချစ်ရပါသောမောင် အလွမ်းတွေချည်း တွေးမနေချင်ဘူးမောင် လွမ်းနေဆွေးနေရတာတော့
စိတ်ထဲတမျိုးပါ အလွမ်းထဲမှာပဲပျော်နေရတာ အလွမ်းပျော်ပါမောင် ၊ အဲလိုနဲ့ကျွန်မရဲ့ အချိန်တွေကုန်
ဆုံးသွားမှာစိုးရိမ်ရပါတယ် တစ်ယောက်တည်းနေတဲ့ အကျင့်ကလည်းပါနေပြီ လေ။ အဲဒီတော့ခက်ဖူးလားမောင်...........
မြတ်နိုးတွယ်တာခဲ့သမျှ
ကွယ်ရာကပဲချစ်တော့မယ်
တိတ်တခိုးမဟုတ်ပေမယ့်
စိတ်မဆိုးနဲ့မောင်ရယ်
တမ်းတတာလွမ်းလှလို့ပါ
ကျွမ်းမြေ့သွားတဲ့အသည်း
လွမ်းနေ့စွဲတွေမှာလည်း
မောင်ပါပဲလေ..........
ခွဲခွာရတာ
အခံရခက်လှပေမယ့်
ကျန်ရစ်ရတဲ့ရက်တွေဟာ
မနေသာမဖြေသာပေမယ့်
နေစရာကအသေချာပါ
မရေရာတာတွေလည်း
နေပါစေတော့ရယ်လို့..........
မသေချာတဲ့
တောင်းဆုလည်း
မပြုလိုဘူး
မတမ်းတချင်တော့ဘူးမောင်
ရင်တွေမောရလွန်းလို့
တိမ်တိုက်တွေလည်းပြိုကျခဲ့တယ်မောင်
အလွမ်းရေလျဉ်ကြောမှာမျောပြီး
နွမ်းကြေတဲ့နှလုံးသားဟာ
ပန်းတွေမဝေယင်လည်းနေပါစေ
မေတ္တာစမ်းချောင်းလေးလည်းခမ်းခြောက်
မောင့်ရင်မှာနောက်တစ်ယောက်မို့
လွမ်းချင်လည်းအခက်တွေ့
နှလုံးသားဟာ
အရှုံးသမားလို့လှောင်ရယ်
မောင်ကွယ်နေတတ်နိုင်လွန်းတယ်.........။ ။
စိတ်ထဲတမျိုးပါ အလွမ်းထဲမှာပဲပျော်နေရတာ အလွမ်းပျော်ပါမောင် ၊ အဲလိုနဲ့ကျွန်မရဲ့ အချိန်တွေကုန်
ဆုံးသွားမှာစိုးရိမ်ရပါတယ် တစ်ယောက်တည်းနေတဲ့ အကျင့်ကလည်းပါနေပြီ လေ။ အဲဒီတော့ခက်ဖူးလားမောင်...........
မြတ်နိုးတွယ်တာခဲ့သမျှ
ကွယ်ရာကပဲချစ်တော့မယ်
တိတ်တခိုးမဟုတ်ပေမယ့်
စိတ်မဆိုးနဲ့မောင်ရယ်
တမ်းတတာလွမ်းလှလို့ပါ
ကျွမ်းမြေ့သွားတဲ့အသည်း
လွမ်းနေ့စွဲတွေမှာလည်း
မောင်ပါပဲလေ..........
ခွဲခွာရတာ
အခံရခက်လှပေမယ့်
ကျန်ရစ်ရတဲ့ရက်တွေဟာ
မနေသာမဖြေသာပေမယ့်
နေစရာကအသေချာပါ
မရေရာတာတွေလည်း
နေပါစေတော့ရယ်လို့..........
မသေချာတဲ့
တောင်းဆုလည်း
မပြုလိုဘူး
မတမ်းတချင်တော့ဘူးမောင်
ရင်တွေမောရလွန်းလို့
တိမ်တိုက်တွေလည်းပြိုကျခဲ့တယ်မောင်
အလွမ်းရေလျဉ်ကြောမှာမျောပြီး
နွမ်းကြေတဲ့နှလုံးသားဟာ
ပန်းတွေမဝေယင်လည်းနေပါစေ
မေတ္တာစမ်းချောင်းလေးလည်းခမ်းခြောက်
မောင့်ရင်မှာနောက်တစ်ယောက်မို့
လွမ်းချင်လည်းအခက်တွေ့
နှလုံးသားဟာ
အရှုံးသမားလို့လှောင်ရယ်
မောင်ကွယ်နေတတ်နိုင်လွန်းတယ်.........။ ။
No comments:
Post a Comment