မောင် မနေ့က မောင်နဲ့ အတူတူသွားဖူးခဲ့ ဖူးတဲ့ KAMAKURA ဘုရားကို ရောက်ခဲ့တယ် အလွမ်းတွေ ဝေဆဲပါမောင်တမ်းတခြင်းတွေပြည့်နှက်နေတဲ့ ကျမ ဆီမောင် စာလေး တစ်စောင်တောင်မှ ရေးဖြစ်ဖေါ်မရလို့စိတ်ကွက်မိတယ် ဒါပေမယ့် ကိုယ်ချင်းစာပါတယ် လေ ကျမ မှမောင်ကဆီကိုစာမရေးခဲ့တာကိုး မောင်က ကဗျာရေးတာစာရေးတာဝါသနာပါတော့ ဘလော့တွေဘာတွေမရေးဘူးလား မောင့်ရဲ့ ဘလော့အက်ဒရက်(စ)လေးဖြစ်ဖြစ်ရချင်ကြည့်ချင်လိုက်တာ မောင်ဘာတွေရေးထားမလဲ ဘယ်သူ့ကိုသတိတရရှိမလဲ မောင့်ရဲ့ အချစ်ဦး မီး နဲ့ အဆင်ပြေရဲ့လား မောင် ကလေးဘယ်နှစ်ယောက်ရနေပြီလဲ သိချင်စိတ်တွေတစ်ပုံတစ်ပင်ပါမောင် ၊မောင့်ကိုလွမ်းတိုင်းပန်းတစ်ပွင့်သာပွင့်မယ်ဆိုယင် ဒီကမ္ဘာ မှာပန်းပင်လယ်ဝေနေမှာပေါ့မောင်။မောင်ကသာ ကျမ အကြောင်းစိတ်မ၀င်စားတော့ ပေမယ့် ကျမကို YOSHIDA နဲ့ SAITO က တော့ အမြဲအားပေးနေတတ်တာပါမောင်...........ATAMI BEACH ကိုလည်း YOSHIDA နဲ့ အတူရောက်ဖြစ်သေးတယ်ဘာဖြစ်ဖြစ် မောင့်ရဲ့ အရိပ်တွေ့လိုတွေ့ငြားပါ......မျှော်သာမျှော် ပေါ်မလာသူမောင့် ကြောင့် သည်းရင်ပူလို့ကျွမ်း နွမ်းလျ လှပါပြီမောင်........ချစ်လျက်နှင့်ရှင်ကွဲ ကွဲခဲ့ ကြတဲ့ ကျမတို့ ဘ၀ ရင်နာစရာဘယ်လောက်ကောင်းလိုက်မလဲမောင်...မောင့် ကောင်းမှုကြောင့် ဒီလိုစာပေတွေအတွေးတွေထွက်လာခဲ့တာပါမောင်....မောင်ကဒီလိုစာပေအရေးအသားတွေဝါသနာပါတယ်မဟုတ်လား အဲဒီတော့လည်း ကျမစဉ်းစားယင်း ဘလော့ဂါမှာတင်ဖြစ်ခဲ့တာမောင်တစ်ယောက်တွေ့လေမလားရယ်လို့ပါ.......
Monday, May 14, 2012
Subscribe to:
Post Comments (Atom)

No comments:
Post a Comment