
Nov ဆိုတဲ့လဟာ မောင်အမြဲတမ်းတမ်းတသတိတရရှိနေတဲ့လလေးပါ မှတ်မှတ်ရရ မောင့်ကိုသတိရတမ်းတ
တိုင်းဘလော့လေးကိုရောကိဖြစ်ရေးဖြစ်ခဲ့ ပြန်ပေါ့မောင် ။မောင်ကမမီးကိုတမ်းတနေတဲ့ တမ်းတနေ
တတ်တဲ့လလေး နိုဝင်္ဘာ ပေါ့ မောင်ရယ်။ အလွမ်းတွေဝေ ပန်းတွေ ကြွေနေတတ်တဲ့ အချိန် တစ်ယောက်တည်းအထီးကျန် အကျည်းတန်ချိန်တွေဖြတ်သန်း မနေတတ်ပေမယ့်နေတတ်အောင်နေခဲ့
တဲ့ ကျွန်မဘ၀လေးပါမောင်။ ချယ်ရီမြေမှာပိတောက် ၀ါမရှိပေမယ့် ပိတောက်ဝါကိုသတိရတဲ့ အခါ ချယ်ရီကိုလည်းမပန်ဖြစ်ခဲ့ဘူးလေ ချယ်ရီပန်ဖို့ထက် ဒီနိုင်ငံက လူတွေအားလုံး ဘာပန်း မှမပန်တတ် ကြတာကို မောင်လည်းသိနေသားနဲ့ မောင်.....ပိတောက်ငုအတိတ်နိမိတ်သင်္ကေတ ၊နိမိတ်ပုံတွေသာအရာထင်
လာခဲ့ယင် အလွမ်းတွေဟာခြေရာထင်လိမ့်မယ်မောင် နွမ်းကြွေတဲ့ ရင်ကသောကစ တွေသာမဖြေသာတဲ့
အတွေးမှာမောင့်ကိုလွမ်းနေလိုက်တာများ မပြောပါနဲ့တော့မောင်ရယ် အလုပ်အားချိန်လေး တနေ့ တခြား
အိမ်မှုအလုပ်တွေများနေခဲ့တော့ ဘလော့ပေါ်မှာလည်းမောင့်ကိုမလွမ်းနိုင် ပါ ဒါပေမယ့် ကျွမ်းလောင်နေတဲ့
ရင်ကအလွမ်းတွေ နွမ်းကြေ နေတဲ့ ရင် အလွမ်းတွေနဲ့ တမ်းတမြဲတမ်းတဆဲပါမောင်။ နောက်ပြီးမောင်တစ်ယောက် ကျန်းမာပကတိ လန်းဖြာစွာရှိပါစေလို့ဆုတောင်းယင်း
မောင့်ကိုချစ်တဲ့
မောင့်ချစ်သူ
No comments:
Post a Comment