Monday, May 14, 2012

မောင့်ကြောင့်ပေါ့

မောင်.....မောင့်ကြောင့် သူများအပြောခံရပြီမောင် မောင့်ကိုတွယ်တာလွမ်းဆွတ်သတိရ တမ်းတမှုတွေက အပြစ်ဖြစ်စေပြီလားမသိပါ တခါတရံ ကျတော့လည်း "ချစ်သူမောင်" ဘလော့ထဲမှာရေးထားတဲ့စါလေးတစ်ပိုဒ်
ကိုသတိရမိပါတယ် ၊အဲဒီစာပိုဒ်ကတော့
အချစ် ခံစားချက်နှင့်
Wednesday, March 26, 2008, 6:50:20 AM
အချစ်နှင့် ပါတ် သက်ပြီး ကျွန်တော် ဆရာကြီးမဟုတ်ပါ........... သို့သော်လည်း နဲနဲတော့တင်ပြချင်ပါသည်.....အဘယ်ကြောင့်ဆိုသော်....မည်သူမျှအချစ်နှင့်မကင်းနိုင်ပါ မိန်းကလေးက စလို့ ဖွင့် ပြောဖို့ ကိစ္စ ဖြစ်နိုင်ခြေ ရာနှုန်း မည်မျှရှိသနည်းထိုသို့ ဖွင့်ပြောလိုက်သောကိစ္စ အတွက်အပြောခံရသောယောက်ျားလေး၏အထင်သေးမှုကိုခံရခြင်းရှိနိုင်မရှိနိုင် မြကေခိုင်ဝတ္ထုတွင် အောင်ကိုနှင့် မြကေခိုင် တို့၏ဖြစ်ရပ်မှာအမှန်ဟုဆိုလျှင်အောင်ကို့ ခံ စား ချက် ကို မည်သူနားလည်နိုင်ပါမည်နည်း
မောင်နဲ့ ကျွန်မအဖြစ်ကလည်းအဲလို တူနေပြန်တယ်မောင်....ခက်တာက ကျွန်မက မြကေခိုင် မဟုတ်သလို
"ချစ်သူမောင်"ကကော မောင်ဖြစ်နိုင်လေသည်လား အဲတာဆို မောင်ကကျွန်မကိုတမ်းတတာမဟုတ်
ပဲလှောင်နေသည်ပေါ့ ကျွန်မဖြင့်တမ်းတလိုက်ရတာမောင်......ကြားထဲကိုဆိုးသွမ်းကတမောင်မောင်တွေကိုဖတ်သွားသတဲ့.......ရင်မှာခံစားရခက်ပါသည်မောင်

No comments: